ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ

ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တွေ့ကြုံလာနိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကို အဓိကရည်မှန်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဦးတည်ပြီး အောက်ပါ ကဏ္ဍများတွင်လည်း ဝင်ရောက်ဆောင်ရွက်သွားမည်ဖြစ်သည်။
  • Customer တို့၏ ဘဏ္ဍာရေးလိုအပ်ချက်များကြောင့်ဖြစ်ပေါ်လာသည့် လိုအပ်သောချေးငွေပမာဏအများအပြားနှင့် အကြပ်အတည်းအခက်အခဲများကို Win Finance မှဘဏ္ဍာရေးဆိုင်ရာကူညီမှုများပေးပါသည်။ Win Finance ၏ငွေချေးလုပ်ငန်းစဉ်များသည် ဘဏ်များနှင့်ချိတ်ဆက်၍ ဘဏ္ဍာရေးဝန်ဆောင်မှုရယူသည့်အခါ ဘဏ်များမှတောင်းဆိုသည့်စာရွက်စာတမ်းများမရှိသော Customer များအတွက် ပိုမိုလွယ်ကူအဆင်ပြေစေပါသည်။ Customer များသည် မိမိတို့၏ ငွေကြေးသုံးစွဲမှုကိုသက်သာချောင်ချိစေမည့် ဝန်ဆောင်မှုကိုရွေးချယ်ကာဝယ်ယူနိုင်သလို မိမိတတ်နိုင်သည့် ငွေကြေးပမာဏနှင့်သင့်တော်သည့်ပစ္စည်းကိုလည်း ရွေးချယ်ဝယ်ယူနိုင်သည်မှာ Win Finance ၏အားသာချက်ဖြစ်ပါသည်။
  • ဘဏ်များသည် ငွေချေးသူများထံမှ အာမခံစာရွက်စာတမ်းများ(ချေးငွေရယူသူ၏ ငွေပြန်လည်ပေးချေမှုအတွက် အာမခံသူတစ်ဦးလိုအပ်ခြင်းကဲ့သို့သောကိစ္စရပ်များ)၊ ကနဦးပေးချေရသည့်ငွေပမာဏများပြားခြင်း၊ အာမခံအပေါင်ပစ္စည်းထားရှိရန်လိုအပ်သည်။
  • အတိုးနှုန်းသည် ကြွေးကျန်ကာလတစ်လျှောက်လုံးပေးရမည်ဖြစ်ပြီး ပစ္စည်းတန်ဖိုး၏ ၁၀၀% ပေါ်တွင်အတိုးတွက်ချက်ခြင်းဖြစ်သည်။
  • ဘဏ်များသည် လုပ်ငန်း၏ဘဏ္ဍာရေးနှင့်ယှဉ်လျှင် လုပ်ငန်းတိုးတက်မှုနှင့် လုပ်ငန်းကွန်ရက်ရှိမှုများပေါ်တွင်သာ အလေးပေးဆောင်ရွက်သည်။
  • ဘဏ်လုပ်ငန်းစဉ်များသည် လျှောက်လွှာစတင်ဖြည့်သွင်းချိန်မှစ၍ ချေးငွေများအတွက်အတည်ပြုချက်ရရှိချိန်အထိ ဆောင်ရွက်သည့်အချိန်များစွာယူခြင်းသည် သုံးစွဲသူများကိုတခြားသောအခွင့်အရေးဆုံးရှုံးမှုများဖြစ်စေခြင်းနှင့် ရံဖန်ရံခါတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးစေခြင်းများဖြစ်ပေါ်စေတတ်သည်။
အထက်ပါ ဘဏ်နှင့်ရင်ဆိုင်ရသော စိန်ခေါ်မှုအခက်အခဲများသည် တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှု၊ ပွင့်လင်းမြင်သာရှိလာမှုတို့နှင့်တစ်ပြေးညီ မိမိတို့၏စီးပွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာစေရန် ဆန္ဒရှိသည့်မြန်မာပြည်လုပ်ငန်းရှင်များအတွက် အနှောင့်အယှက်အခက်အခဲများဖြစ်စေသည်။ ထိုအတားအဆီးအနှောင့်အယှက်များကို ဖယ်ရှားပစ်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ မိမိတို့၏လုပ်ငန်းများကိုကောင်းမွန်စွာလည်ပတ်စေရန် ကူညီဆောင်ကြဉ်းပေးရန် Win Finance ကိုတည်ထောင်ထားခြင်းဖြစ်ပါသည်။